Skip to main content

2021 ခုနှစ်မှာ ‌ပြောင်းလဲတိုးတက်လာခဲ့တဲ့ ဆိုင်ကယ်ထုတ်လုပ်ရေး လောကအကြောင်း

ပထမဆုံးပြောပြချင်တာက အခု 2021 မှာ ဆိုင်ကယ်တွေက တဖြည်းဖြည်းနည်းပညာများရော စွမ်းဆောင်ရည်တွေပါ တနှစ်ထက်တနှစ်တိုးတက်နေတာဖြစ်ပီး ဘယ်အရာတွေက အဓိကတိုးတက်လာလည်းဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ 

 1.More Power ( အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ) 

အခုခေတ် နောက်ဆုံးပေါ် sport bike တို့ superbikeတွေဟာ horses power တို့ torque တို့နဲ့ စကားပြောတာဖြစ်ပေမယ်လို့ စာရွက်ပေါ်က ကိန်းဂဏန်းတခုထက် လက်တွေ့မှာ တကယ့်ကို ပေးစွမ်းနိုင်တဲ့ စိတ်ကျေနပ်မှု ရရှိဖို့ အတွက် အင်ဂျင်စွမ်းဆောင်ရည်တွေကို မြင့်မားအောင်ထုတ်လုပ်တပ်ဆင်လာခဲ့ကြပါတယ်။ 

  2.Improved Mechanics ( ဆိုင်ကယ်အင်ဂျင်ရဲ့နည်းပညာ ) 

နည်းပညာ နိမ့်တဲ့ဆိုင်ကယ်က အင်ဂျင်ပါဝါကြီး ကြီးလာရုံနဲ့ ဆိုင်ကယ်ကောင်းတစ်စီးဖြစ်လာမှာတော့မဟုတ်ပါဘူး။ ဆိုင်ကယ်တည်ဆောက် ပုံအချိုးအကွေ့တွေ၊ တာရှည်ခံမှု၊ ထိန်းသိမ်းရလွယ်ကူခြင်း စတာတွေသက်ဆိုင်သလို၊ ခေတ်သစ်နည်းပညာတွေဖြစ်တဲ့ quick shifter, assist/slipper clutch စတာတွေဆိုတာကလည်းဆိုင်ကယ်ရဲ့ performanceကို တိုးတက်စေတာလည်းဖြစ်ပါတယ်။ 

3. Advanced Electronic (နည်းပညာမြင့် စက်လုပ်ဆောင်ချက်များ) စွမ်းဆောင်ရည်မြင့်ဆိုင်ကယ်တစ်စီးဆိုတာက modern advanced electronic နည်းပညာဖြစ်တဲ့ learn angle sensitive ABS, wheelie,slide, launch and traction control တို့အပြင် အင်ဂျင် mode များအတွက်မတူတဲ့ ဆီပေးစနစ်တွေ၊ suspension setup တွေ ပါဝင်ထည့်သွင်းပေးလာပီလည်းဖြစ်ပါတယ်။ 

4. Industrial Design ( ဒီဇိုင်းပိုင်းထုတ်လုပ်မှု) တစ်နှစ်ထက်တစ်နှစ် ဆိုင်ကယ်တွေဟာ ရုပ်ထွက်လှလာကြပြီး ခေတ်မှီတယ်ဆိုတဲ့ ခံစားချက်ပေးနိုင်တဲ့ ဘီးတွေရှိသလို့ ခေတ်ရှေ့ပြေးတယ်ဆိုတဲ့ feelingပေးနိုင်တဲ့ဆိုင်ကယ်တွေလည်းရှိလာပါပြီး ဒါကြောင့်မလို့လည်း တချို့က ဆိုင်ကယ်ရုပ်ကြည့်ပီးဝယ်ယူ‌သူတွေရှိနေတာလည်းဖြစ်ပါတယ်။ ရုပ်ရှိပီး performance နိမ့်တဲ့ဘီးတွေစီးရတာ မိန်းမချောချောယူထားပီး ဘာမှမတတ်လို့ အိမ်မှာ ပန်ကန်ဆေး‌ ကြမ်းတိုက် လောက်ပဲလုပ်တတ်သလိုပေါ့ဗျာ။  

5. Aerodynamic ( လေခွင်းအားကောင်းအောင်တည်ဆောက်ခြင်း) 

ဒီနှစ်များပိုင်းမှာ လေခွင်းအားနဲ့ပတ်သက်ပြီးဆိုင်ကယ်ထုတ်လုပ်သူတွေ အရမ်း‌အရေးစိုက်လာတာကိုသတိထားမိကြမယ်ထင်ပါတယ် ။ Moto GP ထဲက ပြိုင်ဘီးတွေကို replica ထုတ်ကြတာဆိုတော့ အဲ့မှာသုံးလာတဲ့ wingletsတွေကို ဒီဇိုင်းတည်ဆောက်ရာမှာ ဖြုတ်မချတော့ပဲ ထည့်သွင်းပေးလိုက်ပီး တချိုးဘီးတွေဆိုရင် body works မှာ တခါတည်း ထည့်ပေးလိုက်တာဖြစ်ပါတယ်။  

6. Dashboard Display ( ဒိုင်ခွက်မျက်နာပြင် )  

လွန်ခဲ့တဲ့ 10စုနှစ်ကတည်းက ဆိုင်ကယ်တွေက computer box ထိုးပီး errorရှာနိုင်နေပီးဆိုတာ လူတိုင်းလည်းသိပီးပါပီ။ အခု TFT display နဲ့ bluetooth system, ride by wire throttle, tire pressure sensor စတာတွေကို ထည့်ပေးလာပီဖြစ်ပါတယ်။  

7. Competitive Pricing (အပြိုင်မြင့်မားလာတဲ့ဈေးနှုန်း) 

  စွမ်းဆောင်ရည်မြင့်မားတဲ့ နည်းပညာမြင့်ဆိုင်ကယ်ဆိုတာ ဘယ်တော့မှဈေးမပေါပါဘူး။ ဒါဟာတကယ့်လက်တွေ့မှာလည်း မှန်နေဆဲပါပဲ။ entry level - beginner level bike တွေတောင် လိုတိုးပိုလျော့လုပ်ပီး ဈေးကွက်ထိန်းနေရတာပါ။ တကယ်နည်းပညာမြင့်ဘီးတွေဆိုတာ ဈေးတွေကလည်းကြီးနေဆဲပါပဲ။ 

ဟုတ်ကဲ့ပါ ဒီနေ့ပြောပြပေးတာလေးက 2021 ခုနှစ်မှာ ‌ပြောင်းလဲတိုးတက်လာခဲ့တဲ့ ဆိုင်ကယ်ထုတ်လုပ်ရေး လောကအကြောင်းပဲ ဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ

Comments

Popular posts from this blog

2021 ရဲ့ ကမ္ဘာတဝန်း နာမည်ကြီးလူကြိုက်များတဲ့ အကောင်းဆုံးဆိုတဲ့ဆိုင်ကယ် 12စီး

2021 KTM 390 ADV Style - Adventure Bike Engine - Liquid-cooled, 373.2cc, Single Cylinder Power - 43hp / 27.3 ft-lbs Weight - 348.3lbs Origin - Austria Price - 6,199$  2021 Husqvarna vitpilen 701 Style - Naked Engine - Liquid-cooled, 692.7cc, OHC Single Cylinder Power - 75hp / 53.1 ft-lbs Weight - 355lbs Origin - Sweden Price - 9,499$ 2021 Yamaha tenere 700 Style - Adventure Bike Engine - Liquid-cooled, 689cc, Parallel-Twin Power - 72.4 hp / 50.2 ft-lbs Weight - 452lbs Origin - Japan Price - 9,999$ 2021 Indian FTR 1200 Style - Naked Engine - Liquid-cooled, 1,203cc, DOHC 60° V-Twin Power - 123 hp / 87 ft-lbs Weight - 488lbs Origin - America Price - 11,499$ 2021 BMW F900XR Style - Sports-Tourer Engine - Liquid-cooled, 895cc, Parallel-Twin Power - 99 hp / 68 ft-lbs Weight - 482lbs Origin - Germany Price - 11,695 $